Friday, September 29, 2017
ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ
ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။
၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။
၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။
၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။
၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။
--
Ref: medic-facts
ညနေစာကို မိသာစု စုံလင်စွာဖြင့် ထမင်းစားပါ
(၁) ထမင်းနဲ့ ဟင်းများ အလေအလွင့်နည်းခြင်း
တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး စားတာနဲ့ စာရင် မိသားစုတွေ စုံစုံလင်လင် ထမင်းစားတာက ထမင်းနဲ့ ဟင်းတွေကို အလေအလွင့် သက်သာစေမှာ မလွဲပါဘူး။
(၂) မိသားစုစည်းလုံးမူရှိခြင်း
မိသားစုတွေ စုံလင်စွာ ထမင်းစားတဲ့ အခါမှာ စကားပြောဖြစ်ခြင်း တစ်ယောက်မှာ ရှိတဲ့ ပြဿနာကို အတူတကွ ဖြေရှင်းပေးနိုင်ခြင်း တိုင်ပင်ဆွေနွေးမူ ရှိခြင်းနဲ့ မိသားစု စည်းလုံးမူတွေကိုပါ ရရှိစေမှာ မလွဲပါ။
(၃) ပိုမိုပြီးစားကောင်းခြင်း
ဟင်းကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ မိသားစုတွေ စုံလင်စွာဖြင့် စားတဲ့ အခါမှာ တစ်ယောက်တည်း စားတာထက် ပိုမိုပြီး စားကောင်းစေမှာ မလွဲပါ။
(၄) မိသားစုတွေပျော်ရွှင်ဖွယ်ရရှိခြင်း
မိသားစုတွေ စုံလင်စွာ ထမင်းစားခြင်းဟာ ယခု ထက်ပိုမိုပြီး သင်တို့ မိသားစုကို ပျော်ရွှင်စေမှာ မလွဲပါ။
တစ်နေ့တာ အတွက် နံနက်စာ နေ့လယ်စာ ညစာ သုံးခုရှိတဲ့ အထဲမှ သင့်တို့ မိသားစု အတွက် ဖော်ပြပါ အချက်တွေကို ရရှိစေရန် ညနေစာကို မိသားစု စုံလင်စွာ ထမင်းစားဖို့ကိုတော့ မမေ့ပါနဲ့။
Ref -general knowledge
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)
တန်ဖိုးရှိသော မုန်ညင်းဆီ
မုန်ညင်းဆီဟာ ခေါင်းကိုက်ခြင်း ခေါင်းအုံခြင်း အတွက် ကောင်းမွန်စေ ပါတယ်။ ဦးခေါင်းကို မုန်ညင်းဆီ လိမ်းပေးလိုက်ပါ။
မုန်ညင်းဆီဟာ ဇက်ကြောတက် မျက်ရိုးကိုက်ခြင်း အတွက် ဆေးစွမ်းထက်တဲ့
ဆေးတစ်လက်ပါ။ ရောဂါဖြစ်တဲ့ နေရာကို မုန်ညင်းဆီ လိမ်းပေးလိုက်ပါ။ အနာဆွေး
အနာဟောင်းများကို မုန်ညင်းဆီ လိမ်းပေးပါက ပျောက်ကင်းနိုင် ပါတယ်။
လည်ပင်းကြီး ရောဂါသည်များအတွက်လည်း ကောင်းမွန် ပါတယ်။
အသုံးပြုပုံ ကတော့ မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး
သည်းခြေနှင့် ဖျော်၍ လည်ပင်းတွင် စုတ်နှင့် ထိုးပြီး ဖရဲသီးကို အခြောက်လှန်း သွေးလိမ်းက ပျောက်ကင်းစေနိုင် ပါတယ်။
ကျန်းမာရေးနှင့် အလှအပ သတင်းများ
လည်ပင်းကြီး ရောဂါသည်များအတွက်လည်း ကောင်းမွန် ပါတယ်။
အသုံးပြုပုံ ကတော့ မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး
သည်းခြေနှင့် ဖျော်၍ လည်ပင်းတွင် စုတ်နှင့် ထိုးပြီး ဖရဲသီးကို အခြောက်လှန်း သွေးလိမ်းက ပျောက်ကင်းစေနိုင် ပါတယ်။
ကျန်းမာရေးနှင့် အလှအပ သတင်းများ
စိတ်ညစ်စရာတွေ ကြုံတွေ့နေရရင်
စိတ်ဖိစီးမှုတွေ ဖြစ်လာပြီ ဆိုရင် ဘာအလုပ်မှ မလုပ်ချင် ဖြစ်နေတတ် ပါတယ်။ အဲလို စိတ်ဖိစီးမှုတွေ ဖြစ်လာပြီ ဆိုရင် အနည်းငယ် လျော့ကျပေးစေနိုင်သော နည်းလမ်းကောင်းများကို မျှဝေပေး လိုက်ရပါတယ်။
(၁) လတ်ဆတ်သော ပတ်ဝန်းကျင်သို့ သွားပါ
စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် အိမ်ခန်းထဲမှာ နေနေတာနဲ့စာရင် ကန်ရေပြင်ကို သွားပြီး လေပြင်လေညှင်း ခံသင့်ပါတယ်။ ဒါ့အပြင် အခြားသော စိတ်ကြည်နှုး မှုကို ရရှိစေနိုင်သော နေရာများကို သွားသင့်ပါတယ်။ ထိုသို့သွားခြင်းကြောင့် စိတ်ဖိစီးမှု လျော့ကျလာစေ ပါလိမ့်မယ်။
(၂) သီချင်းနားထောင်ပါ
ရင်ထဲမှာ အရမ်းမွမ်းကြပ် လာပြီဆိုရင် သီချင်းနားထောင် လိုက်ခြင်းကြောင့် အနည်းငယ် လျော့ကျပေး စေနိုင်ပါတယ်။
(၃) မှုးယစ်ဆေးဝါး သုံးစွဲမှု မလုပ်ပါနဲ့
တစ်ချို့က စိတ်ဖိစီးမှု ဖြစ်လာပြီ အရက်သေစာ သောက်စားမှုကို ပြုလုပ်တတ်ကြ ပါတယ်။ အဲလိုလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို တကယ်ပြေလျော့ စေနိုင်တဲ့ နည်းလမ်း မဟုတ်သည့် အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင် ပါတယ်။
(၄) လေ့ကျင့်ခန်း တစ်ခုခုကို ပြေးလုပ်လိုက်ပါ
မိမိမှာ စိတ်ဖိစီးမှုတွေ ကြုံလာပါက ထိုင်ပြီး ပှုပင်မနေဘဲ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်လိုက်ပါက အာရုံအသစ် ဖြစ်ပေါ်စေကာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင် ပါတယ်။ ဒါ့အပြင် အကြံဥာဏ် အသစ်တွေကို လည်း ရရှိနိုင်ပါတယ်။
ကျန်းမာရေးနှင့် အလှအပ
နှလုံးရောဂါတွက် ကာကွယ်ရန် စားမယ် ရှောင်မယ် စားကြမယ်
နေ့ စဉ်စားသောက်နေသည့် အစားသောက်များတွင် ကျန်းမာရေးအတွက် အထောက်အကူမပြု့ သည့်အပြင် ဆိုးကျိုးများကိုဖြစ်ပေါ်စေသည့် အစားအစာများလည်း များစွာရှိနေကြပါသည် ။ အစားအစာကြောင့် ဘေးဒုက္ခများစွာဖြစ်ပေါ်ခဲ့ကြတာလည်း ရှိပါတယ် ။ အရက်မသောက် ဆေးလိပ်မသောက် ဘီယာမသောက်သောလည်း အစားအစာများကြောင့် ရောဂါတွေများ ကင်ဆာတွေဖြစ် ဆိုးဝါးသည့် ကျန်းမာရေးဆိုင်ရာပြသနာများစွာဖြစ်ပေါ်ကြရပါသည် ။
စားသုံးသင့်သည်မှာ နှလုံးရောဂါမဖြစ်ပေါ်စေရန်အပြင် နှလုံးအတွက် အကျိုးရှိစေမည့် ပေါင်မုန့် ကြမ်း ၊ ပန်းသီး ၊ မုန့် လာဥ ၊ ကန်စွန်း ၊ ငါး ၊ ကြက်သား ၊ အသီးအနှံ နှင့် အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများကို ပိုမိုစားသောက်ပေးသင့်ပါသည် ။ ခန္ဓာကိုယ့်အတွင်း သွေးများလည်ပတ်မှု့ အတွက် မကောင်းသည့်အပြင် လူကိုလေးလံထိုင်းမှိုင်းစေသည့် ဆီပါသော အစားအစာများကို အထူးရှောင်ရှားရပါလိမ့်မည် ။ အဆီများကြောင့် နှလုံးအခန်းများသွေးလည်ပတ်မှု့ အတွက် ဆိုးဝါးစေပါသည် ။
ရှောင်ရှားသင့်သည့်မှာ နီမြန်သောအသားများဖြစ်သော အမဲသား ၊ ဆိတ်သား နှင့်အသားအစားများခြင်းသည့် နှလုံးရောဂါဖြစ်ပေါ်စေနိုင်ပါသည် ။ အသားများကိုအလွန်အကြူးစားသောက်ခဲ့သောကြောင့် သွေးထဲ့တွင် အိုင်းယွန်းဓာတ်များ များနေပါက ကင်ဆာဖြစ်ပွားစေနိုင်သလို့  နှလုံးရောဂါကိုလည်း ဖြစ်ပေါ်စေပါသည် ။ အသားများကို အလွန်အကြူးစားသောက်မည့်အစား အသီးအရွက်ကြော်များ ၊ အရွက်သုပ်များ နှင့် ပဲသီးမျိုးစုံတို့ ကို ပိုမိုစားသောက်ခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှု့ နည်းပါစေပါသည် ။
နှလုံးသည့် လူသားတစ်ယောက်ဖြစ်ဖို့ မိခင်ဝမ်းအတွင်းအသက်ရှင်နေသည့်အချိန်ကစပြီး လူဘဝအဆုံးထိ မရပ်မနားလှုပ်ရှားနေရသည့် အရေးကြီးသော အဓိကကိုယ့်တွင်းအင်္ဂါအစိတ်ပိုင်းလည်းဖြစ်ပါသည် ။
ကျန်းမာရေးနှင့်အလှအပ
အဆီပြန် အသားပတ် ဆားဝက်ခြံများကို ကာကွယ်နည်းများ
ထောပတ်သီး
ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေ အတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံလိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလိမ့်မယ်နော်။
ဂျုံမှုန့်
ဆောင်း၇ာသီ၇ဲ. အအေးဒဏကိုခံနိုင်၇ည်ရှိအောင် လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမှုန့်၊ ကြက်ဥအနစ်နဲပျား၇ည်ကို ဆတူရောမွေပါ။ မျက်နှာပေါ်မှာ မိနစ် ၂၀ ထားပြီးေ၇နွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေ၀င်းပတဲ့ မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်
ဌက်ပျောသီး
ပေါင်းစပ်အသားအေ၇ ပိုင်၇ှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်၇င် ဌက်ပျောသီးလေးကိုပဲ သတိ၇လိုက်ပါ၊ ဌက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး နာ၇ီဝက်နေ၇င်ေ၇ဆေးချလိုက်.... အသားအေ၇ကို နူညံ့စေတဲ့ ချောမွေစေတဲ့ အာဟာရဓါတ်တွေ ဖြည့်ပေးတဲ့ ဌက်ပျောသီးလေးရဲ့ အံ့ဖွယ် စွမ်းပကားကို အ၇မ်းကျေးဇူးတင်သွားမှာနော်။ ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ -၂ ကြိမ်သာလုပ်သွားလိုက် ဆောင်း၇ာသီမှာ အသားခြောက်၊ အသားပတ်တတ်တယ်ဆိုတာကို ပါ မေ့သွားလိမ့်မယ်........... ၀က်ခြံထွက်နေသူတွေအတွက် ကတော့ ဖီးကြမ်းဌက်ပျောသီးအခွံနဲ့ ပွတ်ပေး၇င်ပါးပြီး ပျောက်သွားပါလိမ်ံမယ်တဲ့...........
ဆားဝက်ခြံကို လက်ပြနှုတ်ဆက်နိုင်မဲ့ နည်းလမ်းလေးတွေ၇ှိပါတယ် သဘာဝနည်းလမ်းကော်းများ
ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေ၇ာပေါ်မှာ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီး၇င်ဒီတိုင်းပဲ ထားနော်။ Moisturizer ကို ချက်ချင်းမလိမ်း၇ဘူး။ - ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့ နေရာမှာ ၂၅ -၂၀ မိနစ်ခန့် ထားပြီ ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြိး အလွန်ထိရောက်မှုရှိပါတယ်။ -မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကိုေ၇နှင့် ဆတူရောစပ်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ငြင်သာစွာ ပွတ်ပေးပါ။ ထို.နောက် ရေနွေးလေးနဲ့ ဆေးချပါ။ - ထူးဆန်းတဲ့နည်းလေးလည်း ရှိသေးတယ်နော်။ အမြှုပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့ နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်က တစ်ရူးလေးကပ်လိုက်ပါ။ နာ၇ီဝက် ဒါမှမဟုတ် ခြောက်သွားတဲ့အခါ ဖြေးဖြေးလေးဆွဲခွါပြီး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် ok ပြီး
အဆီပြန်သူတွေအတွက်ပါ
(၁) နနွင်းမှုန့် လက်ဖက်၇ည်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်ရည် ပန်းကန်လုံးတစ်ခွက်စာကို ရောပြီး၇င် မျက်နှာအနံ့ လိမ်းပြီး ၁၀ မိနစ်ထားထားနော်။ ပြီးတော့ေ၇အေးလေးနဲ့ ဆေးချလိုက်ပါ၊ သူငယ်ချင်း၇ဲ. မျက်နှာလေးကာ သန့်စင်ပြိးဝင်းပလာပါလိမ့်မယ်.။
(၂) ဌက်ပျောသီးမှည့်တစ်လုံး ပျား၇ည်တစ်ဇွန်းနဲ့
လိမ္မော်ရည်စက်အနည်းငယ်ကိုေ၇ာမွှေလိုက်နော်။ သေသေချာချာကြေညက်သွား၇င် ရလာတဲ့ အနစ်ကို မျက်နှာပေါ်မှာ ပါးပါးလေးသုတ်လိမ်းပြီး ၁၅မိနစ် လောက်ထားလိုက်ပါ။ ပြီး၇င်ေ၇နွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှာပေးပြိး ချွေးပေါက် တွေကို လည်း သန့်စင်ပေးပါတယ်။
(၃) ခ၇မ်းချဉ်သီး အလတ်စားတစ်လုံးကို အရည်ထွက်လာအောင်ကြိတ်ပါ။ ပြီး၇င် သံပု၇ာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ေ၇ာပြီး မျက်နှာပေါ်မှာလိမ်း၊ ၁၀ မိနစ်ထားပြီး၇င် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ၊ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့ အပြင် ၀က်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။
(၄) ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်၇ီသီး ၄-၆ လုံးကိုခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်၊ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ ရောပြီးမျက်နှာမှာ သုတ်လိမ်းပြိး မိနစ်၂၀ထားပါ၊ ပြီး၇င်ေ၇အေးလေးနဲံ့ဆေးချလိုက်ရုံပါပဲ။
(၅ ) ဓါတ်တိုးဆန့်ကျင်ပဧ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွါ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ၊ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ေ၇ာပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ်ပြည့်၇င် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ၊ ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ၊
(၆) နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို အခွံခွါပြီးေ၇နွေးထဲမှာ ခဏစိမ်လိုက်နော်၊ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ် ဂျုံမှုန့် ၂ ဇွန်း၇ယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ၊ ချွေးပေါက်တွေကျယ်ပြီး ၀က်ခြံလည်း၇ှိတဲ့ အဆီပြန်တဲ့ အသားအေ၇ပိုင်ရှင်တွေ အတွက်တော့ အ၇မ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။
(ရ) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်၇ည်ဇွန်း၊ ဂျုံမုန့်လက်ဖက်၇ည် ပန်ကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိထည့်မွှေပါ။ ပြီးတော့မျက်နှာပေါ်မှာ 10မီနစ်လိမ်းထားပြီးမျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်ပြီး ၀က်ခြံတွေကိုလည်း သက်သာစေတယ်လေ။
Credit: Good Health
Photo by ကျန်းမာရေးနှင့် အလှအပ
နံနံပင်က ကျောက်ကပ်ရောဂါ အတွက် အထူးပင် ကောင်းမွန်
နံနံပင်က ကျောက်ကပ်ရောဂါ အတွက် အထူးပင် ကောင်းမွန်တယ်လို့ သိရပါတယ်။
ရောဂါဖြစ်နေရင်လည်း ကုသပေးနိုင် ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါ
ဖြစ်နေသူတွေ အတွက် နည်းလမ်း ကောင်းလေးမို့ မျှဝေ လိုက်ရပါတယ်။
အသုံးပြုပုံ
နံနံပင် ၁၅ ပင်လောက်ကို သန့်ရှင်းစွာ ဆေးကြောလိုက်ပါ။ ထို့နောက် ဖန်ခွက် တစ်ခွက်စာ ရေနွေးကြိုပါ။ ထိုကြိုထားတဲ့ ရေနွေးအိုထဲကို နံနံပင်ကို နုတ်နုတ်စင်းပြီး ထည့်လိုက်ပါ။ ပြီးနောက် အရွက်များကိုဖယ်ကာ
အရည်များကို အအေးခံပြီး သောက်သုံးပေးပါ။ ကျောက်ကပ်ရောဂါကို ကာကွယ်လိုသူတွေ အနေနဲ့ တစ်ပတ်မှ တစ်ကြိမ်လောက် မှီဝဲပေးပါ။ ကျောက်ကပ်ရောဂါ ဖြစ်နေတယ်ဆိုရင်တော့ နေ့တိုင်း
မှီဝဲသင့်ပါတယ်။
မည့်သည့်နံနက်ပင်ကို မဆို သုံးစွဲနိုင်ပါတယ်။
အသုံးပြုပုံ
နံနံပင် ၁၅ ပင်လောက်ကို သန့်ရှင်းစွာ ဆေးကြောလိုက်ပါ။ ထို့နောက် ဖန်ခွက် တစ်ခွက်စာ ရေနွေးကြိုပါ။ ထိုကြိုထားတဲ့ ရေနွေးအိုထဲကို နံနံပင်ကို နုတ်နုတ်စင်းပြီး ထည့်လိုက်ပါ။ ပြီးနောက် အရွက်များကိုဖယ်ကာ
အရည်များကို အအေးခံပြီး သောက်သုံးပေးပါ။ ကျောက်ကပ်ရောဂါကို ကာကွယ်လိုသူတွေ အနေနဲ့ တစ်ပတ်မှ တစ်ကြိမ်လောက် မှီဝဲပေးပါ။ ကျောက်ကပ်ရောဂါ ဖြစ်နေတယ်ဆိုရင်တော့ နေ့တိုင်း
မှီဝဲသင့်ပါတယ်။
မည့်သည့်နံနက်ပင်ကို မဆို သုံးစွဲနိုင်ပါတယ်။
Subscribe to:
Posts (Atom)






